-->

Thursday, July 18, 2013

စီးပွားရေးဆန်တဲ့ အနုပညာ ဘယ်တော့မှ မလုပ်ဘူးဆိုတဲ့ မင်းသွေး

စီးပွားရေးဆန်တဲ့ အနုပညာ ဘယ်တော့မှ မလုပ်ဘူးဆိုတဲ့ မင်းသွေးအနုပညာ အလုပ်လုပ်တဲ့အခါ မှာ အနုပညာ အတွက်ပဲ လုပ်တာ လား၊ ဒါမှမဟုတ် ငွေကြေးရော၊ အနုပညာရော မျှအောင်လုပ်လား ဆိုတော့ ကျွန်တော်ကတော့ အနု ပညာစလုပ်ကတည်းက ကျွန်တော့် ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲလုပ် တာပါ။ ဒီအနုပညာကို လုပ်ရမယ် ဆိုပြီး သေချာဆုံးဖြတ်ချက်ချပြီးမှ လုပ်ခဲ့တာပါ။ ကျွန်တော်လုပ်တဲ့ အလုပ်ကို ချစ်တယ်။ အဲဒါကြောင့် ဆက်လုပ်ဖြစ်တယ်။ ကျွန်တော်က အနုပညာချည်းပဲလုပ်တယ်။ တချို့ ကမေးတယ် အနုပညာကို စီးပွား ရေးအရ လုပ်နေတာလားတဲ့။ ကျွန် တော်ကတော့ ပြောခဲ့တယ် မှန် တော့မှန်ပါတယ်။ ကျွန်တော်က ပုထုဇဉ်လူသားဆိုတော့ ငွေက အရေးကြီးပါတယ်။ ဒါပေမဲ့ ဂုဏ် သိက္ခာလည်း အရေးကြီးပါတယ်။
ကျွန်တော် ကတော့ ကျွန်တော့်အနု ပညာကို ဂုဏ်သိက္ခာနဲ့အတူ စီးပွား ဖြစ်ဘယ်တော့မှ မလုပ်ပါဘူး။ ကျွန်တော် စီးပွားရေး လုပ်ရင် တခြား လုပ်ငန်းနဲ့ပဲ လုပ်မှာပါ။ တစ်ချိန်မှာ ဒါက စီးပွားရေး ဖြစ်ရင်ဖြစ်သွား မယ်။ ဒါပေမဲ့ စီးပွားရေး ဆန်တဲ့ အနုပညာ ဘယ်တော့မှ မဖြစ်ဘူး ဆိုတာ ကျွန်တော့်ကိုယ် ကျွန်တော် ယုံတယ်။ ဇာတ်ကား စရိုက်ကတည်း က ဆင်းန်နည်းတာ၊ ဆင်းန်များ တာကို အပထားပါ။ ဘာကာရိုက် တာချည်းမှန်း မသိဘဲ ရိုက်ရတာကို ကျွန်တော် မကြိုက်ဘူး။ ငွေကြေး တစ်ခုတည်းကို မကြည့်ဘူး။ ဇာတ် လမ်းကို ဖတ်ကြည့်လို့ ကိုယ်နဲ့ အဆင် မပြေဘူးဆိုရင် အေးအေး ဆေးဆေးပဲ ငြင်းခဲ့ပါတယ်။ ဒါက လည်း ဖြစ်သင့်တဲ့ ကိစ္စနဲ့ မဖြစ်သင့် တဲ့ ကိစ္စကိုကြည့်ပြီး ငြင်းတာပါ။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks