-->

Tuesday, July 2, 2013

၂၀၁၅ ရွေးကောက်ပွဲကို နိုင်ငံတကာ အလေးထား စောင့်ကြည့်မည်

၂၀၁၅ ရွေးကောက်ပွဲကို နိုင်ငံတကာ အလေးထား စောင့်ကြည့်မည်မန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက် ပွဲတွင် မဲမသမာ မှုများ ရှိသည်ဟု နာမည် ထွက်ခဲ့၍ လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ အဖြေ ရလဒ်ကောင်းများ ထူးခြား စွာ ထွက်ပေါ်နိုင်ခြင်း ရှိ မရှိ ကို နိုင်ငံ တကာက စောင့်ကြည့်မည်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုနှင့် အာရှ၊ ပစိဖိတ် ဒေသလုံးဆိုင်ရာ East West Center အဖွဲ့ဝင်လည်းဖြစ်ပြီး ဝါရှင်တန်ပို့စ်၏ အယ်ဒီတာ Lilian Greenfield Cunningham က ပြောကြားသည်။
အပြောင်းအလဲ ဖော်ဆောင်နေသည့် မြန်မာနိုင်ငံသည် အပြောင်းအလဲ နိုင် ငံရေး လမ်းကြောင်း တစ်ခုသို့ သွားနေခြင်း သို့မဟုတ် အာဏာရှင် စနစ် ဆက်လက် ကျင့်သုံးနေခြင်း ဟုတ် မဟုတ်ကို ၂၀၁၅ တွင် နိုင်ငံတကာက ဆက်လက် စောင့်ကြည့်နေကြောင်း ရန်ကုန်မြို့သို့ ရောက်ရှိနေစဉ် The Voice ၏ မေးမြန်းမှုကို ၄င်းက ဖြေကြားသည်။ “အပြင်က လူတွေအနေနဲ့ရော၊ အမေရိကန်က လူတွေရော၂၀၁၅ ကို စောင့် ကြည့်နေတယ်” ဟု Ms. Cunningham က ဆိုသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုသည် လာမည့် သုံးနှစ်အတွင်း အနှစ် ၂၀ ကျော်ခန့် တည်မြဲနိုင်မည့် အာဏာရှင်စနစ်နှင့် ဒီမိုကရေစီ စနစ် ရောထွေးနေပြီး အာဏာရှင်စနစ် လွှမ်းမိုးမည့် ပေါင်းစပ် ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင်ပေါ်လာနိုင်ကြောင်း အသွင် ကူးပြောင်းသည့် ဒီမိုကရေစီနိုင်ငံများအား လေ့လာနေသည့် The Educational Initiatives မှ Mr. Igor Blazevic က ပြောကြား ခဲ့ဖူးသည်။
အမေရိကန် ပြည်ထောင်စု၏ နာမည်ကျော် တိုင်းမ်မဂ္ဂဇင်းကို မြန်မာ အစိုးရ၏ ပိတ်ပင်ခြင်း မျိုးနှင့် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခ နေရာများတွင် သတင်း သမားများ တားဆီးခံရမှု များသည့် နိုင်ငံတကာ ရှုထောင့်မှ ဆိုလျှင် အံ့သြ ထိတ်လန့် တုန်လှုပ်စရာဟု နယူးဇီလန်နိုင်ငံမှ သတင်းထောက် Ms. Andrea HelenVance က ထောက်ပြ ပြောဆိုသည်။ နိုင်ငံပေါင်း ၂၅ နိုင်ငံ ပါဝင်သော ကမ္ဘာကျော် (East West Center) မီဒီယာ အဖွဲ့အစည်းသည် အမေရိကန် ပြည်ထောင်စုနှင့် အာရှ၊ ပစိဖိတ်ဒေသတို့ အကြား စုပေါင်း သင်ယူခြင်း၊ လေ့လာ သုတေသန ပြုခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းတို့ဖြင့် ပိုမို ကောင်းမွန်သော ဆက်ဆံရေးနှင့် နားလည်မှုတို့ တည်ဆောက်ခြင်း တို့ကို ထောက်ကူ အားပေးသော အဖွဲ့ အစည်း ဖြစ်သည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks