-->

Tuesday, July 2, 2013

လိုင်စင်မဲ့ နိုင်ငံခြားသား ဆရာဝန်များ ရှိသော ဆေးခန်းများကို ထိထိရောက်ရောက် အရေးယူမည်

လိုင်စင်မဲ့ နိုင်ငံခြားသား ဆရာဝန်များ ရှိသော ဆေးခန်းများကို ထိထိရောက်ရောက် အရေးယူမည်ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လိုင်စင်မဲ့ နိုင်ငံခြားသား ဆရာဝန်များ ခန့်ထားသော ပုဂ္ဂလိက အထူးကုဆေးခန်း များကို ခွင့်ပြုချက် လိုင်စင် သိမ်းရုံမက တည်ဆဲ ဥပဒေ အတိုင်း ထိထိရောက်ရောက် အရေးယူ သွားမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေး ဆိုခွင့် ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
ပုဂ္ဂလိက ဆေးခန်းများတွင် မှတ်ပုံတင် မရှိသော ဆေးနှင့် ဆေးပစ္စည်းများကို အသုံးပြုခြင်း၊ ဆေးကောင်စီနှင့် တိုင်းရင်း ဆေးကောင်စီ၏ မှတ်ပုံတင် မရှိဘဲ ဆေးကု သခြင်း၊ ကြော်ငြာ များတွင် လူနာကို ဆွဲဆောင်သော စာသားများ လွန်လွန်ကျွံကျွံ သုံးစွဲခြင်းတို့ကို စစ်ဆေးတွေ့ရှိပါက ထိထိ ရောက်ရောက် အရေးယူမည် ဖြစ်ကြောင်း ၄င်းက ဖြည့်စွက် ပြောကြားသည်။
ပြီးခဲ့သော ဇွန်လလယ်ခန့်က ရန်ကုန်တိုင်း ဒေသကြီး အတွင်း ပုဂ္ဂလိက အထူးကု ဆေးခန်းငါးခုကျော် ခန့်ကို စစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး တစ်ခုလုံး ခြုံငုံမိစေရန် မြို့နယ် ကျန်းမာရေး ဦးစီးဌာနများ ကို ညွှန်ကြား ထားကြောင်း ၄င်း၏ ပြောကြားချက်များ အရ သိရသည်။
ထို့အပြင် ယခုလ အတွင်း ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိကဆေးခန်း လုပ်ငန်းရှင်များကို ခေါ်ယူကာ သတိပေး ညွှန်ကြား ချက်များ ပေးသွားရန်ရှိကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်က The Voice သို့ ပြောဆိုသည်။ မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေတွင် ကောင်စီက ထုတ်ပေးသော ဆေးကုခွင့် လိုင်စင်မရှိဘဲ ဆေးကုသသည်ကို တားမြစ်ထားပြီး အဆိုပါ ကောင်စီပါ ဥပဒေများကို ဖောက်ဖျက်ကြောင်း စစ်ဆေး တွေ့ရှိပါက ထောင်ဒဏ် ငါးနှစ်နှင့် ငွေဒဏ်များ ချမှတ် နိုင်ကြောင်း အဆိုပါ ဆေးကောင်စီက ထုတ်ပြန်သည်။
Living Color ၊ ဇန်ဘို

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks