By Popular News
ပြည်သူ့
ဆက်ဆံရေး Public Relation ဆိုတာ မီဒီယာများ၊ နိုင်ငံရေး သမားများ
စသူတို့PR ကိုအထူး ပြုသင် တာနဲ့ပတ်သက်ပြီး ကိုသူရ(ခ)ဇာဂနာ က “ဘယ်သူ မှာမဆို
PR ကောင်းစေ ချင်တယ်။ ပြည်သူနဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ သူတွေက ပုံရိပ်
တအား လှတယ်။ မီဒီယာနဲ့နိုင်ငံ ရေးသမား ပဲဖြစ်ဖြစ်၊ မီဒီယာနဲ့ အနုပညာ သမားပဲ
ဖြစ်ဖြစ်ကြား ထဲမှာပေါင်းကူးပေးတဲ့ တံတား က PR ပဲ။ တိုင်းပြည်မှာ အုပ်
ချုပ်နေတဲ့ သမ္မတ ဦးသိန်းစိန်ပဲ ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစု ကြည်ပဲဖြစ်ဖြစ် PR
သမား ကောင်းတစ်ယောက်ရှိဖို့လိုခဲ့ တယ်” လို့ ပြောပါတယ်။မီဒီယာတွေ အနေနဲ့ Public Relation နဲ့ပတ်သက် ပြီး “မီဒီယာတွေနဲ့ ကျွန်တော်တို့ ကအမြဲထိတွေ့ဆက်ဆံနေရ တယ်။ မီဒီ ယာနဲ့ ကျွန်တော်က ကြားထဲမှာ PR သမားတစ် ယောက်ထားပြီးဆက်ဆံနေ တာမျိုးမဟုတ်ဘူး။ တိုက်ရိုက်ထိ တွေ့နေရတယ်။တကယ်တမ်း နိုင်ငံတကာမှာမူအရက မီဒီယာ နဲ့ တိုက် ရိုက်မထိတွေ့ကြဘူး။ သတင်းစာ ရှင်းလင်းပွဲ လိုဟာ မျိုးကို PR သမားပဲ လုပ်ရတယ်။ အဲဒီလိုမျိုးဆိုရင် ဘာပြဿနာ မှမရှိဘူး။ မြန်မာနိုင်ငံမှာ က အခုမှ ဖွံ့ဖြိုးထားတဲ့အတွက် ဒီလိုမျိုး PR သမားတွေ ငှားရမ်း နိုင်မှာမဟုတ်ဘူး။
ဒါကြောင့် တိုက်ရိုက်ဆက်ဆံကြတယ်။ လူ သဘာဝ အရ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေလည်း ရှိလာနိုင် တယ်။ တိုင်းပြည် အတွက် ငြိမ်း ချမ်း ရေးကို ဦးတည်ပြီး သွားတဲ့ နေရာ မှာ ပြဿနာလည်း မဖြစ် ချင်ဘူး။ဖြစ်စေချင်တာက ဘယ်သူဘက်မှ ဏျွမရှိသေး တဲ့အတွက်နှစ်ဦးနှစ်ဖက်ညှိ နှိုင်းစေချင်တယ်။
ဒါကြောင့် မီဒီယာသမားတွေ၊အနုပညာ ရှင်တွေအတွက် Public Relation ကနံပါတ် တစ်ပဲ။ အကုန်လုံး အတွက် အရေးကြီး တယ်။ နိုင်ငံတကာမှာ PR ကို အလေး ထားတယ်။နှစ်ဦးနှစ် ဖက်ပြေလည် အောင် PR သမားကညှိနှိုင်းပေးရတယ်။ သူကလူ ထုနဲ့တိုက်ရိုက် ဆက်ဆံရတဲ့ အ တွက်အဆင်ပြေနိုင်တယ်။ ကျွန် တော် ကိုယ်တိုင် လည်း PR ကို လေးစားတယ်။ထောင်ထဲမှာ ရှိနေစဉ်ကလည်း ပြည်သူ့ဆက် ဆံရေးကိုအလေးထားခဲ့တာ။ ဘယ်သူနဲ့မှ အဆင်မပြေတာမျိုး မရှိခဲ့ဘူး။ထောင်ထဲကသူတွေနဲ့ အဆင်ပြေတဲ့အဓိကအကြောင်း ကသူတို့ပြောသမျှနားထောင် တယ်” လို့ ပြောပါတယ်။
ထူးထူး








0 comments:
Post a Comment