-->

Sunday, August 11, 2013

ဗန်ပါစီ သွင်းတဲ့ဂိုးတွေနဲ့ ကွန်မြူနတီဒိုင်းမှာ ၀ီဂန်ကို မန်ယူ အနိုင်ရ

ဗန်ပါစီရဲ့ ဂိုးတွေနဲ့ ၀ီဂန်ကို အနိုင်ယူပြီး ကွန်မြူနတီဒိုင်းကို မန်ယူ ဆွတ်ခူးအသင်းပြောင်းမယ်လို့ သတင်းထွက်နေတဲ့
ရွန်နီ ပါဝင်လာခြင်းမရှိဘဲ ဗန်ပါစီ၊ ၀ဲလ်ဘက်၊ ဇာဟာတို့နဲ့ ပွဲထွက်လာတဲ့ မန်ယူဟာ ပွဲအစ
၆မိနစ်မှာပဲ အဖွင့်ဂိုးစရခဲ့ပြီး ဒီဂိုးကို ဗန်ပါစီက သွင်းယူပေးခဲ့တာပါ။ ရွိုင်ယန်ဂစ် နောက်ပေါက်နဲ့
ချပေးတဲ့ဘောလုံးကို ဗန်ပါစီရသွားပြီး တောင်ပံမှာ ရှိနေတဲ့ အီဗရာကို ထိုးပေးရာမှာ ဒီနောက်ခံလူက ဖြတ်တင်ဘော
ပြန်လည်ပေးပို့ခဲ့ပြီး ဗန်ပါစီက ၁၂ကိုက်အကွာကနေ လှလှပပ ခေါင်းတိုက်သွင်းခဲ့တာဖြစ်ပါတယ်။
ဒီဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ဗန်ပါစီဟာ ၀ီဂန်နဲ့ တွေ့ဆုံတဲ့ နောက်ဆုံးပွဲစဉ် ၆ပွဲမှာ ၇ဂိုး သွင်းနိုင်သူ ဖြစ်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ မန်ယူတို့ နောက်ထပ်ဂိုးသွင်းခွင့်ရဖို့ စောင့်ဆိုင်းခဲ့ရပြီး ပွဲချိန် ၃၈မိနစ် အရောက်မှာ ၀ဲလ်ဘတ်ရဲ့ ကန်ချက်ကို ကာဆင် ပုတ်ထုတ်သွားနိုင်ခဲ့လို့ ပထမပိုင်းမှာ ဒုတိယဂိုး မရခဲ့တာပါ။ ဒုတိယပိုင်း အစပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ဆတူသာရှိခဲ့ပြီး မန်ယူကတော့ ဂိုးပေါက် ကန်သွင်းခွင့် ၃ကြိမ်မှာ ၂လုံး ဂိုးပေါက်တည့်ခဲ့ပါတယ်။ ပွဲချိန် ၅၉မိနစ်မှာတော့ ဧရိယာထိပ်က ဗန်ပါစီရဲ့ကန်ချက် ပါ့ခ်ျနဲ့ ထိပြီး လမ်းကြောင်းပြောင်းဂိုးဝင်သွားခဲ့တာကြောင့် မန်ယူတို့ ဒုတိယဂိုး ရခဲ့ပါတယ်။
ဒါ့အပြင် နောက်မိနစ် ၂၀အကြာမှာ ဗန်ပါစီအတွက် ဟက်ထရစ် ဂိုးသွင်းခွင့်ကြုံခဲ့ပြီး အီဗရာရဲ့ ဖြတ်တင်ဘောကို ဘားနက်ရှင်းထုတ်သွားနိုင်ခဲ့လို့ ၀ီဂန်တို့ သက်သာရာရခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူပရိသတ်တွေဟာ ရွန်နီကို အသင်းမှာ ဆက်ရှိစေလိုတယ်လို့ ဖော်ပြခဲ့ကြပြီး မြန်မာနိုင်ငံသား မန်ယူပရိသတ်တွေကလည်း “အသင်းထက် ဘယ်ကစားသမားမှ ပိုအရေးမကြီးဘူးဆိုပေမယ့် ရွန်နီကိုတော့ မန်ယူမှာ ဆက်ရှိစေချင်ပါတယ်”လို့ ရေးသားထားတဲ့ စာတမ်းကို ဖော်ပြခဲ့ကြပါတယ်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks