By ရိုးရာလေး
ဆွာရက်ဇ်အနေဖြင့် လီဗာပူးအသင်းနှင့် အသင်းဖော်များအပေါ် ပြန်လည်တောင်းပန်ရမည်ဟု နည်းပြ ရော့ဒ်ဂျာက သတိပေးခဲ့
သည်။ ဆွာရက်ဇ်မှာလီဗာပူးမှ ထွက်ခွာလိုကြောင်း ၀န်ခံခဲ့သူဖြစ်ပြီး အဆိုပါ လုပ်ရပ်မှာ အသင်းနှင့် အသင်းဖော်များအပေါ် မလေးစားရာ ရောက်သည့်
အတွက်တောင်းပန်ရမည်ဟု ရော့ဒ်ဂျာ
ကပြောခဲ့ခြင်းဖြစ်သည်။
ရော့ဒ်ဂျာက“ ဒီအသင်းနဲ့ ကစားသမားတွေကို ဒီလိုမပြုမူသင့်ပါဘူး။ ဒါကြောင့် ဆွာရက်ဇ်အနေနဲ့ ပြန်တောင်းပန်ရပါလိမ့်မယ်။ သူ့ဟာ ရင်ထဲက လာတဲ့ခံစားချက် အစစ်အမှန်နဲ့ ပရိသတ်တွေကို ပြန်တောင်းပန်လိမ့်မယ်လို့ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်”ဟု ဆိုထားသည်။ သို့သော် ရော့ဒ်ဂျာ ပြောသကဲ့သို့ တောင်းပန်မည်မဟုတ်ကြောင်း ဆွာရက်ဇ်က နာရီပိုင်းအတွင်း ပြန်တုံ့ပြန်ခဲ့သည်ဟု မီဒီယာများကို ဖော်ပြထားပြီး အသင်းပြောင်းခွင့်ရရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု သိရသည်။








0 comments:
Post a Comment