By ရိုးရာလေး
မနေ့က
နံနက် ၈ နာရီခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မှန်စီကျေးရွာ
မှန်စီချောင်းဝတွင် အလောင်း တစ်လောင်း တွေ့ရှိခဲ့ပါတယ်။ အဆိုပါ အလောင်းအား
ရဲတပ်ဖွဲ့ဝင်များက မှုခင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ပတ်ဝန်းကျင်
ကျေးရွာများမှ ဘင်္ဂါလီ လူမျိုးများက လာရောက်ကြည့်ရှု ခဲ့ပါတယ်။ကြည့်ရှုသူ အင်အား ၅၀၀ ခန့်ဖြစ်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန် ပြောကြားစဉ် အာလန် (၁၆ နှစ်) က ဒုတိယ ရဲမှူးဌေးဝင်းအား ဝင်ရောက် ရိုက်နှက် ခဲ့ပါတယ်။ ကျန်လူများ ကလည်း ရဲတပ်ဖွဲ့ဝင် များအား ရန်ပြုခဲ့ကြသဖြင့် ရဲတပ်ဖွဲ့ဝင် များက ရော်ဘာကျည်ဖြင့် သတိပေးပစ်ခတ် တားဆီးခဲ့ကြောင်း သိရှိရသည်။
ရဲကင်းနဲ့ အနီးက တဲကိုလည်း မီးရှို့ခံရတယ်လို့ သိရပါတယ်။ သေဆုံးသူ မွတ်ဆလင် အမျိုးသမီး ဘာကြောင့် သေဆုံးတယ်ဆိုတာ ကိုတော့ ရဲက စုံစမ်း စစ်ဆေးနေဆဲလို့ သိရပါတယ်။
အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေရာအနီးရှိ ဘောဒူဖရွာတွင် စုဝေးနေသော လူအုပ်စုအား ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးတို့နှင့် အတူ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အဖွဲ့မှ တာဝန်ရှိသူများက အခြေအနေကို ထိန်းသိမ်းဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါတယ်။
ယခုဖြစ်စဉ်တွင် ဆူပူမီးရှို့မှုများ အတွက် လူစုခွဲရန် သေနတ်ဖြင့် ပစ်ခတ်မှုများ ရှိကြောင်း၊ လေးဦး သေဆုံးကြောင်း စသည့် အတည်မပြု နိုင်သေးသော သတင်းများ ထွက်ပေါ်လျက် ရှိနေသော်လည်း အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ ဖေ့ဘွတ်စာမျက်နှာ၌ ဖော်ပြရာတွင်မူ လူသေဆုံးမှုများ မရှိကြောင်းနှင့် ဒဏ်ရာအနည်းငယ် ရရှိမှုများသာ ရှိကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။








0 comments:
Post a Comment