-->

Tuesday, August 13, 2013

ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကား ထိုင်းနိုင်ငံတွင် ပြသမည်

နေ့စဉ်မိုးလေ၀သသတင်း Tuesday, August 13, 2013  (၂၀၁၃ ခုနှစ်၊ သြဂုတ်လ(၁၃)ရက်နေ့၊ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)  ဘင်္ဂလားပင်လယ်အော်အခြအနေ။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေ  အားအသင့်အတင့် ရှိနေပါသည်။  ယနေ့ညနေအထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့   တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊  ချင်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသ ကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့   အပြားမိုးထစ်ချုန်းရွာပြီး၊မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့ တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်၊  ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်၊  မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် ရှိမည်။  နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအရှေ့ ပိုင်းဒေသများတွင်မိုးပိုလာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။နေရာ ကွက်ကျားမိုးထစ်ချုန်း ရွာမည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။  မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနမြန်မာနိုင်ငံတွင် ရုံတင် ပြသနေဆဲ ဖြစ်သည့် ပန်းကြာဝတ်မှုန် ရုပ်ရှင် ဇာတ်ကားကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ထိုင်းဘာသာ စကားဖြင့် စာတန်းထိုး၍ ပြသသွားမည် ဖြစ်ကြောင်း ယင်းဇာတ်ကားကို ရိုက်ကူးသည့် ဒါရိုက်တာ စင်ရော်မောင်မောင်က The Voice သို့ ပြောကြားသည်။
ပန်းကြာဝတ်မှုန် ဇာတ်ကား၏ ဝင်ငွေရရှိမှု အခြေအနေနှင့် ပတ်သက်ပြီး “အခုထိကတော့ ရှုံးနေတုန်း ပဲ။ နိုင်ငံခြားမှာ ရုံတင်ပြီးလို့ ဝင်ငွေ ရလာ ရင်တော့ မပြောတတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားရကျိုး နပ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကတော့ ကြောက်ခမန်း လိလိပဲ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။
ပန်းကြာဝတ်မှုန် ရုပ်ရှင် ဇာတ်ကားမှာ ၂၀၁၁ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ထူးချွန်ဆု အများအပြား ရလိမ့်မည်ဟု ပရိသတ်များနှင့် မီဒီယာများက ထင်ကြေးပေး ခန့်မှန်းခဲ့ကြသော်လည်း အကောင်းဆုံး ဓာတ်ပုံဆုနှင့် အသံဆု နှစ်ဆုသာ ရရှိခဲ့သည်။
ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် ထားသည့် သရုပ်ဆောင် နိုင်နိုင်းကလည်း အကယ်ဒမီ ထူးချွန်ဆုနှင့် လွဲခဲ့ရသော်လည်း ပရိသတ်များ ဆန္ဒဖြင့် ပေးအပ်သည့် အကယ်ဒမီဆုကို ရရှိသလို ခံစားရ၍ ဝမ်းသာ ပျော်ရွှင်မိကြောင်း ပြောကြားသည်။ ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကားမှာ စာရေးဆရာမ ခင်ခင်ထူး၏ ဝတ္ထုကို ရိုက်ကူးထားခြင်း ဖြစ်ပြီး နိုင်နိုင်း၊ ဖြိုးငွေစိုး၊ သက်မွန်မြင့်၊ မေကဗျာ၊ သီရိရှင်းသန့်တို့ ပါဝင် သရုပ်ဆောင်ထားသည်။

ပရိသတ်တွေ သိချင်နေတဲ့ ဆိုတေးရဲ့ ကျန်းမာရေး အခြေအနေ

ပရိသတ်တွေ သိချင်နေတဲ့ ဆိုတေးရဲ့ ကျန်းမာရေး အခြေအနေယာဉ်မတော် တဆ မှုကြောင့် မန္တလေး ပြည်သူ့ ဆေးရုံမှာ ဆေးကုသမှုခံ ယူနေတဲ့ အဆိုတော် ဆိုတေးရဲ့ ကျန်းမာရေး အခြေ အနေမှာ တိုးတက်ကောင်းမွန် နေတယ်လို့ သိရပါတယ်။ ဆိုတေးကျန်းမာရေး အခြေအနေနဲ့ပတ် သက်ပြီး သူ့ရဲ့ပရိသတ် တွေကလည်း စိုးရိမ်ပူပန် နေကြပါတယ်။ လတ်တလောမှာ အဆိုတော် ဆိုတေး ကွယ်လွန်သွားပြီ ဆိုတဲ့ သတင်း တွေထွက်ပေါ်နေတာ ကြောင့် ဆိုတေးကို အနီးကပ် ပြုစုစောင့်ရှောက် နေတဲ့ အဒေါ် ဖြစ်သူ ဒေါ်ချိုကို ဆက်သွယ် မေးမြန်းရာ မှာတော့ "အပြင်မှာ ပြောနေကြတာ တွေက မဟုတ်ပါဘူး။ ဆိုတေးက သတိပဲ မရသေး တာပါ။ စကားတော့ မပြောနိုင် သေးပါဘူး။ ပါးစပ်မှာ ပိုက်ကတပ်ထား တုန်းပဲ။ ခါတိုင်း ထက်စာရင် လက်တွေ လှုပ်တယ်၊ ခေါင်းလှုပ် တယ်။ ခေါင်းလှုပ်တယ် ဆိုပေမယ့် သတိရ တယ်လို့လည်း ပြောလို့မရသေးဘူး။ ဖြစ်ဖြစ်ချင်း ထက်စာရင် တော်တော် အခြေအနေ တိုးတက် လာပါတယ်" လို့ ပြော ပါတယ်။ အပြင်မှာ ပြောနေကြတဲ့ ကောလာ ဟလများကြောင့် ဆိုတေး ကျန်းမာရေး အခြေအနေကို စိတ်ပူကာ အားလုံးက ဆိုတေး မိသားစုများအား ဖုန်းဆက်မေး နေကြပြီး မိုးလင်း ကတည်းက ဒီသတင်း တွေကို ပြန်လည်ဖြေရှင်း နေရတယ်လို့ ဆိုတေးရဲ့ အဒေါ်ဖြစ် သူ ဒေါ်ချိုကပြော ပါတယ်။ 

ခိုနားခွင့်ပေးပါလို့ ဆိုလာတဲ့ ချစ်စနိုးဦး

ခိုနားခွင့်ပေးပါလို့ ဆိုလာတဲ့ ချစ်စနိုးဦးချစ်စနိုးဦးက ပထမဦးဆုံး စီးရီးဖြစ်တဲ့ 'ခိုနား ခွင့်ပေးပါ' တေးစီးရီးကို စက်တင်ဘာလ ၉ရက်နေ့မှာ ထွက်ရှိနိုင်အောင်ကြိုးစား စီစဉ်ဖြစ်နေ တယ်လို့ ပြော ပါတယ်။ "အစ်မက အခု စက်တင်ဘာလ ၉ရက်နေ့မှာ အစ်မရဲ့ 'ခိုနားခွင့်ပေးပါ' စီးရီးလေးထွက်ဖို့ ရှိတယ်။ အဲဒီ့ အခွေလေးထဲမှာ သီချင်းပုဒ်ရေ ၁၁ပုဒ် (သို့မဟုတ်) ၁၂ပုဒ် လောက် ထည့်ဖို့ စီစဉ် ထားတယ်။ သီချင်း ရိုးရိုးလေးတွေကို သီဆိုထား တယ်။ ဒီ အခွေ လေး က အစ်မ ရဲ့ ပထမစီးရီး လေးဖြစ်တဲ့ အတွက် သီချင်း ပုံစံ၃မျိုး လောက်တော့ ထည့်ထား တယ်။ နောက် ပိုင်း ပရိသတ် က ဒီလိုမျိုးလေးက အစ်မနဲ့ပိုလိုက်တယ် ဆိုရင်တော့ နောက် ဒုတိယစီး ရီးဆိုရင်တော့ ကိုယ်နဲ့ လိုက်တဲ့ပုံစံကို ဆိုဖြစ်သွားမယ်။ အခု က ပထမစီးရီးလည်းဖြစ်တော့ အတွေ့အကြုံ လေးတွေတော့ အများကြီး ရတယ်။ အစ်မကို ကူညီပေးတဲ့ သူ တွေလည်းရှိတော့ အဆင်ပြေတာေ တွလည်းရှိတယ်။ တချို့အခက်အခဲ လေးတွေလည်း ရှိတယ်။
အကောင်းဆုံး တော့ စီစဉ်ထားပါတယ်။ ပရိသတ်ကြီးလည်း အား ပေးကြပါ" လို့ ပြောပါတယ်။ ချစ်စနိုးဦးက သရုပ်ဆောင် ဘက်မှာလည်း အကယ်ဒမီရရှိထားတဲ့ အတွက် အနုပညာအလုပ်မှာ မှတ်တိုင်တစ်ခုရ သလိုမျိုးပဲ အဆို ဘက်မှာလည်း ကိုယ့်ရဲ့ တစ်ကိုယ်တော်အခွေလေးက မှတ်တိုင်တစ်ခုပါပဲလို့ ပြောပါတယ်။
"အစ်မတို့ ကားရိုက်တဲ့ အခါမှာတော့ ကိုယ့်ကိုလာ အပ်တဲ့ ကာရိုက် တာပေါ်မှာ မူတည်ပြီးတော့ ကိုယ် က သရုပ်ဆောင်ရတယ်။ အစ်မရဲ့ စီးရီးကျတော့ အစ်မ ကိုယ်တိုင်ထုတ်တဲ့အတွက် ကိုယ့်စိတ်ကြိုက်လေးေ တွ တော့ လုပ်ခွင့်ရှိတယ်။ ကိုယ့်ရဲ့ စီးရီးလေးကလည်း ကိုယ့် ရဲ့ အဆိုဘက်မှာ မှတ်တိုင်လေးတစ်ခုလို့ ပြောလို့ရပါတယ်။ ဘယ်အနုပညာ အလုပ်မဆိုဘာပဲလုပ်လုပ် အခက်အခဲ တော့ရှိတာပဲ။ သရုပ်ဆောင်ကတော့ ကိုယ်လုပ်နေကျ ဖြစ်တဲ့အတွက် သိပ်ပြီး အခက်အခဲမရှိပေမယ့် အဆို ပိုင်းမှာ ကိုယ်ကအခုမှ စလုပ်သလို ဖြစ်တဲ့အတွက် သူ့ဟာနဲ့သူ အခက် အခဲလေးတွေတော့ ရှိပါတယ်" လို့ ဆို ပါတယ်။ ချစ်စနိုးဦးကတော့ စီးရီးကို အချိန်ပေးလုပ် ဖြစ်နေပြီး လတ်တလောမှာတော့ ကားရိုက်တွေကို နားထားတယ်လို့လည်း ပြောပြခဲ့ပါတယ်။

နရသိန်ကို လေ့လာခြင်း

By 7Day News
နရသိန်ကို လေ့လာခြင်းခေတ်သစ်ကမ္ဘာ့ အာဏာရှင်များ သမိုင်းမှာ အော်ဂလီဆန်စရာ အကောင်းဆုံးနှင့် ရယ်စရာ အကောင်းဆုံး စကားနှစ်ခွန်း ရှိသည်။ ဇင်ဘာ ဘွေသမ္မတ ရောဘတ် မူဂါဘီ၏ “ဇင်ဘာဘွေနိုင်ငံ ကိုငါပိုင်တယ်”ဆိုသည့် စကားနှင့် မြန်မာစစ်ဗိုလ် ချုပ်ကြီးများ၏ “မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိပါဘူး”ဆိုသည့် စကားများဖြစ်ပါသည်။
ယခုတော့ နိုင်ငံတော် သမ္မတ နိုင်ငံခြားသွားခါနီးတိုင်း နိုင်ငံရေး အကျဉ်းသားများ လွှတ်ပြနေသည့် အတွက် မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသားရှိ၊ မရှိ အငြင်းပွား စရာမလိုတော့ပါ။ အခုမနက် အကျဉ်းထောင်များ အကြောင်းကို ဆွေးနွေးကြရအောင်ပါ။
လူ့အဖွဲ့အစည်း အတွင်းမှာ ရာဇ၀တ်မှုကျူးလွန် သူများကို ပြစ်ဒဏ်ခတ်ရန်နှင့် အမှားပြင်ဆင်ခွင့်ပေးရန်ရည်ရွယ်ဆောက်လုပ်သည့် အကျဉ်းစခန်းများသည် အာဏာရှင်များ လက်ထက်တွင် ပြည်သူ့အရေး လှုပ်ရှားသူ၊ ပညာတတ်နှင့် တက္ကသိုလ်ကျောင်းသား များကို မသေမရှင်ထားရာ ငရဲခန်းများ ဖြစ်လာခဲ့ကြသည်။ ဒီမိုကရေစီ တောင်းဆိုမှုများ ထပ်မံမပြုလုပ် ရဲအောင် ခေါင်းဆောင်များ၊ ရဲဘော်ရဲဘက် များနှင့် မိသားစုဝင် များကို ပြန်ပေးဆွဲပြီး တံခါးပိတ်လှောင်ထားရာ ပြန်ပေးစခန်းကြီးများ ဖြစ်လာကြသည်။ နိုင်ငံတော်ပြန်ပေးဂိုဏ်းတို့၏ နှစ်ထောင်ချီသည့် “ယဉ် ကျေးမှု”ကြီးဖြစ်ပါသည်။
အကျဉ်း စခန်းများကို အလွဲသုံးမှု (Abuse) ပြုလုပ်ခြင်းသည် လူ့အဖွဲ့အစည်း၏ စာရိတ္တနှင့် လုံခြုံရေးအပေါ် အဓမ္မပြုကျင့်ခြင်းဖြစ်သည်။ “အမှားပြန်လည် ပြင်ဆင်နိုင်ရန် နေရာ” (Correctional Facility)ဆိုသည့် အကျဉ်းစခန်း များသည် ပြစ်မှုကျူးလွန် သူများကို နောင်တရခွင့်ပေးခြင်း နှင့် မိမိကိုယ်ကိုယ် ပြန်လည်ထူထောင်ရာမှာ ကူညီအားပေးခြင်းဖြင့် လူ့အဖွဲ့အစည်းကို သန့်ရှင်းသထက် သန့်ရှင်းလာအောင် ပြုလုပ်ရမည့် တာဝန်ဖြစ်သည်။ အကျဉ်းထောင်တို့သည် အကျင့်စာရိတ္တအားနည်းသူနှင့် ပြစ်မှုကျူးလွန်သူများကို ပြန်လည်ပြင်ဆင်ခွင့်ပေးမည့်အစား အာဏာရှိသူတို့၏ ကလဲ့စား၊ အာဃာတနှင့် အမုန်းတရားတို့ကို ခစားဝပ်တွားခဲ့ကြရသည်။
အပြည်ပြည်ဆိုင်ရာ အကျဉ်းထောင်လေ့လာမှု စင်တာ International Centre for PrisonStudies ၏ ၂၀၁၃ ခုနှစ် စာရင်း ဇယားများအရကမ္ဘာတစ်ဝန်းမှာ အကျဉ်းသားပေါင်း ၁၀ ဒသမ ၁ သန်းကျော်ရှိသည်ဟု ဆိုသည်။ နိုင်ငံတစ်နိုင်ငံ ချင်းမှာ အကျဉ်းသား ၂ ဒသမ ၂၉ မီလီယံရှိသည့် အမေရိကန်ပြည်ထောင်စုက နံပါတ်တစ်ဖြစ်သည်။
ကမ္ဘာ့အကျဉ်းသားအရေ အတွက်၏ ငါးပုံတစ်ပုံက အမေရိကန်ပြည်ထောင်စုမှာ ရှိနေခြင်းဖြစ်သည်။ တရုတ်နိုင်ငံက ၁ ဒသမ ၆၅ သန်းနှင့် ဒုတိယလိုက်ပြီး ရုရှားက တစ်သန်းနီးနီးဖြင့် တတိယ လိုက်ပါသည်။ လူဦးရေဖြင့် အချိုးချလျှင် လည်း အမေရိကန်ပြည်ထောင်စု က လူတစ်သိန်းမှာ အကျဉ်းသား ၇၄၃ ယောက်နှုန်းဖြင့် နံပါတ်တစ် နေရာကိုယူ ထားသည်။ အာဖရိ ကတိုက်က ရ၀မ်ဒါက လူတစ် သိန်းမှာ ၅၉၅ ယောက်နှုန်းဖြင့် ဒုတိယ၊ ရုရှားကတစ်သိန်းမှာ ၅၆၈ ယောက်နှုန်းနှင့် တတိယ နေရာအသီးသီးကို ယူထားကြ သည်။ စစ်တမ်းများအရ ကမ္ဘာ့ တိုက်ကြီးငါးတိုက်စလုံးမှာ အ ကျဉ်းသားအရေအတွက်က အဆက်မပြတ်မြင့်တက်လာနေ သည်။ အာဖရိကတိုက်ရှိ နိုင်ငံများ၏ ၇၁ ရာခိုင်နှုန်း၊ အမေရိကတိုက်ရှိ နိုင်ငံများ၏ ၈၂ ရာခိုင်နှုန်း၊ အာရှ၏ ၈၀ ရာခိုင်နှုန်း၊ ဥရောပ၏ ၇၄ ရာခိုင်နှုန်းနှင့် သမုဒရာနိုင်ငံများ၏ ၈၀ ရာခိုင်နှုန်းမှာ အကျဉ်းသားအရေအတွက် ပိုမိုမြင့်တက်လာနေသည်။
သို့သော် အရေအတွက်တစ်ခုတည်းက အကျဉ်းထောင်များအကြောင်းကို မရှင်းပြနိုင်ပါ။ အကျဉ်းထောင်များနှင့်ပတ်သက်လျှင် ကျွန်တော်က မေးခွန်းလေးခုကို မေးချင်ပါသည်။
(၁)ဘယ်သူတွေကို ထည့်ထားသလဲ။
အကျဉ်းထောင်များမှာဘယ်သူတွေကို ထည့်ထားသလဲဆိုသည့်အချက်က အရေးအကြီးဆုံးဖြစ်သည်။ သံလက်သီးဖြင့် အုပ်ချုပ်သည့်နိုင်ငံများမှာ တိုင်းပြည်ကို ထုဆစ်မည့် နိုင်ငံရေးသမား၊ ပညာတတ်နှင့် လူငယ်မျိုး ဆက်သစ်များကို အထဲမှာထည့် ထားခြင်းဖြင့် လူ့အဖွဲ့အစည်းကို အာဏာရှင်တို့ ဦးချိုးလိုက်သည်။ အပြင်ကမ္ဘာမှာနေပြီး နိုင်ငံကို ဦးဆောင်ရမည့်သူများက အကျဉ်း ထောင်များတွင်းမှာ ဘ၀ကိုအဆုံးရှုံးခံလိုက်ကြရသည်။ လူ့အဖွဲ့အစည်း၏ အနာဂတ်ကို ဖုတ်ကြည်းသဂြိုဟ်လိုက်ခြင်းဖြစ်သည်။
(၂)အထဲမှာ တကယ်ရှိရမည့်သူများက ဘယ်သူတွေလဲ။
ထောင်ထဲမှာ လူဦးရေနည်းတိုင်းလည်း ဂုဏ်ယူဝမ်းသာစရာ မဟုတ်ပါ။ “တရားဥပဒေစိုးမိုးမှု” မှန်ကန်ရဲ့လား၊ အပြစ်ပေးသင့်သူ များကို အရေးယူနိုင်ရဲ့လားဆိုသည့်အချက်က အလွန့်အလွန် အရေးပါသည်။ ဒုစရိုက်မှုကျူးလွန်သူများ၊ အကြမ်းဖက်သမားများ၊ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားပြုသူများ၊ နိုင်ငံ့သယံဇာတများကို လက်ဝါးကြီးအုပ်သုံးစွဲသူများကို ဘယ်လိုအရေးယူနေပါသလဲ။ အထဲမှာထည့်ထားပြီး သင်ခန်းစာယူစေရမည့်သူများက အပြင်ရောက်ပြီး အပြင်မှာ လူ့အဖွဲ့အစည်းကို ပခုံးထမ်းတွန်းတင်ရ မည့်သူများက အထဲမှာ ရောက်နေလား။
(၃)အထဲမှာ ဘယ်လောက်ကြာအောင် ထည့်ထားသလဲ။
ဆိုခဲ့ပြီးသည့်အတိုင်း အကျဉ်းထောင်စနစ်သည် အပြစ်ကျူးလွန်သူများကို ဒဏ်ခတ်ရန်နှင့် ပြန်လည်ပြင်ဆင်နိုင်ရန်ထား ရှိသည့် စနစ်ဖြစ်သည်။ အလွန့်အ လွန်အန္တရာယ်ရှိသူများမှအပ ကျန်သူများ အထူးသဖြင့် ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူ များကို ထောင်ဒဏ်အနှစ် ၂၀၊ ၃၀၊ ၄၀၊ ၅၀၊ ၆၀ အထိ ချမှတ်သည့် တရားစီရင်ရေးစနစ်ကိုတော့ ပြောစရာစကားမကျန် တော့ပါ။
(၄)အထဲမှာ သူတို့ကို ဘယ်လိုဆက်ဆံသလဲ။
၁၉၅၅ ခုနှစ် သြဂုတ် ၃၀ ရက်မှာ ကမ္ဘာ့ကုလသမဂအဖွဲ့ကြီးက ပြဋ္ဌာန်းခဲ့သည့် “အကျဉ်းသားများကို ဆက်ဆံရာတွင် လိုက်နာရမည့် အခြေခံစည်းမျဉ်းများ” (The Standard Minimum Rules for the Treatment of Prisoners) တွင် လမ်းညွှန်ချက် များ ပါဝင်ခဲ့ပြီးဖြစ်သည်။ သို့တိုင်နိုင်ငံတော်ပြန်ပေးဂိုဏ်းကြီးများ ၏ အကျဉ်းထောင်များမှာတော့ ရိုက်နှက်နှိပ်စက်ခြင်း၊ ဂုဏ်သိက္ခာ မဲ့စွာ နှိမ့်ချဆက်ဆံခြင်း၊ ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုမပေးခြင်း၊ လာဘ်စားခြင်းနှင့် ကြားဖြတ်ယူအနိုင်ကျင့်ခြင်း စသည့် လူ့ယဉ်ကျေးမှုတစ်ခုမှာ ပြောပြရန်ပင် မသင့်လျော်သည့် နှိပ်စက် ညစ်ပတ်မှုများအားလုံးကို တက်စုံရွက်ကုန်လွှင့်ကြပါတော့သည်။ ဆရာကြီးဦးဝင်းတင်၏ စကားနှင့် ပြောရလျှင် “လူ့ငရဲ”။ သဘောကတော့ လူ့အဖွဲ့အစည်းအတွင်းမှာ အရှင်လတ်လတ် “ငရဲခန်း”တစ်ခုကို ဖန်တီးတည်ဆောက်ထားခြင်းဖြစ်သည်။
ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများကို အရေးတကြီးပြုပြင် ပြောင်းလဲဖို့ လိုအပ်သလို လူ့အ ဖွဲ့အစည်း၏ စာရိတ္တနှင့် အေး ချမ်းသာယာမှုအတွက် အရေးပါသည့် အကျဉ်းထောင်စနစ်ကို လည်း အမြန်ဆုံးပြုပြင်ပြောင်းလဲ ကြရမည်ဖြစ်သည်။ ခေတ်မီ သစ် လွင်သော မြို့သစ်ကြီးတစ်ခု၊ ဖြောင့်တန်းသော မြစ်ကူးတံတားကြီးများနှင့် ဆည်ကြီးများကို ညွှန် ပြဂုဏ်ယူတတ်သလို သဘောထားကြီးမားပြီး စည်းကမ်းစနစ် ပြည့်ဝသည့် “အမှားပြန်လည်ပြင်ဆင်ပေးသည့်စနစ်”ကို တည်ထောင်ဂုဏ်ယူတတ်သည့် စိတ်ဓာတ်အဆင့်အတန်းကိုလည်း ကျွန်တော်တို့ မွေးမြူဖို့လိုအပ်ပါသည်။
မိမိအစိုးရဖြစ်နေချိန်မှာ အကောင်အထည်ဖော်ဖို့ အကောင်းဆုံးဖြစ်ပါသည်။ သို့မှသာ ကံအကြောင်းမလှလို့ နရသိန်ကို အ လည်အပတ်ရောက်ခဲ့လျှင် မှန်ကန်စွာ အမှားပြင်ဆင်ခွင့်ရပါလိမ့်မည်။ မြန်မာ့နိုင်ငံရေးသည် အပိုင်း ၁၀၀ ကျော်သည့် ကိုရီးယားရုပ်သံဇာတ်လမ်းတွဲထက် ပိုမိုရှုပ်ထွေးနက်နဲသည်မဟုတ်ပါလား။

ဆရာတော် အရှင်ဆန္ဒာဓိက မြို့ခံဆန္ဒအရ ရေနံချောင်းမြို့ ပြန်ကြွမည်

ဆရာတော် အရှင်ဆန္ဒာဓိက မြို့ခံဆန္ဒအရ ရေနံချောင်းမြို့ ပြန်ကြွမည်အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ယူဆောင် သွားသော ရေနံချောင်းမြို့  အမှတ်(၁) အထက်တန်း ကျောင်းမှ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူ စာအုပ်ကို ပြန်မပို့ပါက ရေနံချောင်းမြို့သို့  ကြွရောက်မည် မဟုတ်ဟု မိန့်ကြား ထားသော ဆရာတော် အရှင် ဆန္ဒာဓိကသည် မြို့ခံများ၏ ဆန္ဒအရ ပြန်လည် ကြွရောက်မည် ဖြစ်ကြောင်း ဆရာတော်၏ ဒါယကာ တစ်ဦးဖြစ်သူ ဦးကျော်လွင်က The Voice သို့ ပြောကြားသည်။
ယင်းလက်ရေးမူကို ရေနံချောင်းမြို့သို့ ပြန်မပို့ပါက ဆန္ဒထုတ်ဖော်သည့် အနေနှင့် ရေနံချောင်းမြို့တွင် နှစ်စဉ်ပြုလုပ်သော ရွှေပါရမီ ပညာရည်ချွန် ဆုပေးပွဲသို့ ကြွရောက် တော့မည် မဟုတ်ကြောင်း၊ ရေနံချောင်းမြို့ အထက(၁) ကျောင်းဘက် ကိုလည်း လုံးဝ ခြေဦးလှည့်မည် မဟုတ်ကြောင်း ဆရာတော် အရှင်ဆန္ဒာဓိကက ဇူလိုင်လအတွင်း မိန့်ကြားထားသည်။ “မြို့ခံတွေက ပြန်ကြွစေ ချင်တယ် ဆိုတာကို ဆရာတော်ထံ လျှောက်ထားတယ်။ ပြန်ကြွမှာပါ” ဟု ဦးကျော်လွင်က ဆိုသည်။
မြို့ခံများ၏ ဆန္ဒအရ ယင်းလက်ရေးမူ စာအုပ်ကို စက်တင်ဘာလ အတွင်း ရေနံချောင်းမြို့သို့ ပြန်ပို့မည်ဟု အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကတိပြုထားကြောင်း မကွေးတိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ငြိမ်းက သြဂုတ်လ ၉ ရက်နေ့တွင် ဒေသခံများကို ပြောကြားထားသည်။
ရေနံချောင်းမြို့ အမှတ်(၁) အထက်တန်းကျောင်း စာကြည့်တိုက်တွင် နှစ်ပေါင်းများစွာ ထိန်းသိမ်း ထားသော ယင်းလက်ရေး မူစာအုပ်ကို ဇူလိုင်လ ၁၉ ရက်နေ့တွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယူဆောင် သွားခဲ့ခြင်း ဖြစ်သည်။ ရန်ကုန် တက္ကသိုလ်တွင် ပါဠိဘာသာနှင့် အင်္ဂလိပ်စာပေတို့ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ အတန်းဖော် အဖြစ် သင်ယူခဲ့သည့် ထိုစဉ်က အထက (၁) ကျောင်းအုပ်ဆရာကြီး တာဝန်ထမ်းဆောင်နေသော ဆရာဦးကျင်စိန်က ၁၉၆၂ ခုနှစ်တွင် အထက (၁) ကျောင်းဘာသာ ရပ်ပြပွဲတွင် သမိုင်းဆိုင်ရာ ပြခန်း၌ ခင်းကျင်းပြသရန် ယင်းစာအုပ်ကို ကျောင်းသို့ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယင်းပါဠိ ဘာသာ လက်ရေး မူစာအုပ်ကို ခေတ် အဆက်ဆက်ဆရာ၊ ဆရာမများက ဆက်လက်ထိန်းသိမ်း စောင့်ရှောက် ထားခြင်း ဖြစ်သည်။

Google မိုးပျံဘောလုံး အင်တာနက် စီမံချက် ဘီလ်ဂိတ်စ် ဝေဖန်

By The Voice Journal
Google မိုးပျံဘောလုံး အင်တာနက် စီမံချက် ဘီလ်ဂိတ်စ် ဝေဖန်ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် မိုးပျံ ဘောလုံးများ လွှတ်တင်ထားပြီး ထိုဘောလုံးများမှ  တစ်ဆင့် အင်တာနက် ရရှိစေရန် ပြုလုပ်ပေးမည် ဆိုသည့် Google ၏ Project Loon ကို အလှမ်း ကျယ်လွန်းသော စီမံချက် တစ်ခု အနေနှင့် Microsoft ကုမ္ပဏီကို တည်ထောင်ခဲ့သူ ဘီလ်ဂိတ်စ်က ဝေဖန်လိုက်ကြောင်း ABC သတင်းတွင် ဖော်ပြထားသည်။
Google ကုမ္ပဏီသည် နယူးဇီလန်နိုင်ငံတွင် အင်တာနက် အသုံးပြုနိုင်ရန် ပစ္စည်း ကိရိယာများ တပ်ဆင်ထားသော မိုးပျံ ဘောလုံးများကို လွှတ်တင်ပြီး လက်တွေ့ စမ်းသပ်ခဲ့သကဲ့သို့ ယခုအခါ ကယ်လီဖိုးနီးယား ပြည်နယ် တွင်လည်း စမ်းသပ်ခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ ယခု လွှတ်တင်ထားသော မိုးပျံ ဘောလုံးများတွင် စွမ်းအင်အတွက် နေရောင် မှ တစ်ဆင့် ရရှိ သုံးစွဲနိုင်ရန် ဘက်ထရီများကို တင်ဆောင် ပေးလိုက်ပြီး၊ မိုးပေါ်သို့ လွှတ်တင်ထားရသည့် အဓိက အချက်မှာ အင်တာနက်ကို ကျယ်ပြန့်စွာ ဖမ်းယူ ရရှိနိုင်စေရေးဖြစ်ကြောင်း Google က ရှင်းလင်း ထားသည်။
ဘီလ်ဂိတ်ကမူ ယင်းသို့ Google ၏ လုပ်ဆောင်နေချက်များနှင့် ပတ်သက်ပြီး မိမိအနေနှင့် စိတ်မဝင်စားကြောင်း၊ ငှက်ဖျား ဖြစ်နေသူ တစ်ဦးကို အင်တာနက် သွားကြည့်ခိုင်းရန် အဆင်ပြေမည် မဟုတ်ကြောင်း၊ ဝမ်းလျှောနေသူ တစ်ဦးကိုလည်း အင်တာနက်အကြောင်း ပြောနေ၍ အဆင်ပြေမည် မထင်ကြောင်း၊ မိမိ အနေနှင့် ဒစ်ဂျစ်တယ် တော်လှန်ရေးကို ယုံကြည်သူ ဖြစ်သော်လည်း လူတိုင်း ကျန်းမာရေး အခြေခံ ရရှိစေရေး အတွက် ကျောင်းတိုင်းတွင် အင်တာနက် ရရှိရေး ဆောင်ရွက်ပေးရန် ကိုသာ စိတ်ဝင်စားကြောင်း၊ ဝင်ငွေ နည်းပါးသည့် နိုင်ငံများတွင် ငှက်ဖျားနှင့် အခြားရောဂါများ တိုက်ဖျက်ရေးက အင်တာနက်ထက် အရေးကြီးကြောင်း အင်တာဗျူး တစ်ခုတွင် ပြောကြားသွား ခဲ့သည်။
ဂိတ်သည် Bill & Melinda Gates ဖောင်ဒေးရှင်းကို ထူထောင်ပြီး ကမ္ဘာ့ ပညာရေးနှင့် ကျန်းမာရေး လုပ်ငန်းများကို အထူး ဆောင်ရွက်နေသူ ဖြစ် သည်။ အထူးသဖြင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးကို စုစုပေါင်း ဒေါ်လာ ၂ ဘီလီယံခန့် အကုန်ခံကာ ဆောင်ရွက်နေသကဲ့သို့ AIDS ရောဂါ တိုက်ဖျက်ရေး အတွက်လည်း ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ အကုန်အကျခံ ထောက်ပံ့နေသူ တစ်ဦး ဖြစ်သည်။

သားအိမ်ကင်ဆာကို ခွေးဖြင့် အနံ့ခံခိုင်းပြီး သိနိုင်ဟုဆို

သားအိမ်ကင်ဆာကို ခွေးဖြင့် အနံ့ခံခိုင်းပြီး သိနိုင်ဟုဆိုအမျိုးသမီး များတွင် ဖြစ်ပွားလေ့ရှိသည့် သားအိမ် ကင်ဆာကို ခွေးများ အား လေ့ကျင့်ပေးပြီး အနံ့ခံခိုင်း ရုံဖြင့် သိရှိနိုင်ကြောင်း အမေရိကန် ပြည်ထောင်စု ဖီလာဒဲလ်ဖီးယား သုတေသီ များက လက်တွေ့ ပြသခဲ့သည်။ လူနာများ လှူဒါန်းသည့် သွေးနှင့် တစ်သျှူး နမူနာများကို အသုံးပြုပြီး ပင်ဆယ်ဗေးနီးယား တက္ကသိုလ်ရှိ ခွေး သုတေသန ဌာနသည် ခွေး သုံးကောင်ကို အနံ့ခံ တတ်စေရန် လေ့ကျင့်ပေး ခဲ့ကြောင်း၊ အထူးသဖြင့် သားအိမ် ကင်ဆာကို အနံ့ခံတတ်ရန် လေ့ကျင့်ပေး ခဲ့ခြင်း ဖြစ်ကြောင်း သုတေသီများက ဆိုသည်။ မိုနဲလ် ဓာတု အာရုံခံစနစ် ဌာနကလည်း ခွေးများနည်းတူ အာရုံခံနိုင်သည့် အီလက်ထရွန်နစ် ဆင်ဆာ စနစ်ကို တီထွင်နိုင် ခဲ့ကြောင်း ဓာတုဗေဒ ပညာရှင် ဂျော့ပရက်တီက ပြောကြား ခဲ့သည်။

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks